ဘာနဲ့အစားထိုးမှာလဲ
ညက တိတ်ဆိတ်လွန်း၍ အမှောင်က သိပ်သည်းလွန်းနေသည်။ ချစ်ထွန်း အပိုင်စားရထားသော ကားဂိုဒေါင်၏ နောက်ဖက် အိပ်ခန်းလေးထဲ၌မူ အပြာရောင် မီးပွင်းလေးက လင်းလက်၍နေသည်။ “ ဒါ အကို့ အိမ်လားဟင်…”“ ဟင့်အင်း….ကိုယ်က သူများဆီမှာ ကပ်နေရတာ…”“ အင်း…တော်တော် ချမ်းသာတာပဲ…”ကောင်မလေးက စကားတတ်ပြီး ဖေါ်ရွှေ၏။ ညဉ့်မယ်လေးတစ်ယောက်ကို ချစ်ထွန်းက ညလုံးပေါက်ဆွဲလာခဲ့ခြင်း ဖြစ်သည်။“ မင်း…ကိုယ့်ကို ဈေးမပြောရသေးဘူးနော်…”“ ငါးခုလေ…အဲဒီပေါက်ဈေးပဲ…”“ အဟဲ…ငါးရာလား…”“ အဲ…ဟယ်…ငါးထောင်လေ ဆရာကြီးရဲ့…”“ ကိုယ် တကယ်မသိလို့ပါ…အခုမှ မင်းကို ပထမဆုံး ခေါ်မိတာပါ…”“ သနားလိုက်ရတော့မလား…”“ မသနားပါနဲ့…ရပါတယ်….သုံးထောင်ဆို…