မုသားမဲ့ အချစ်ဒဏ်
အားးးးးးးးးးးးးးးးးးးးးးးးသားးးးးး သားးးးးးးးး ဘာဖြစ်တာလည်းဟင် သား ဘာဖြစ်လို့လည်းးးးးးး ဘွားလေးအိပ်မက်တွေ မက်ပြီး ထအော်ပြန်ပြီလား သားပြန်အိပ်လိုက်အုံးနော် မနက်အလုပ်သွားရအုံးမယ် မဟုတ်လား သားဟုတ်ကဲ့ ဘွားလေးသား ရေသောက်ပြီး ပြန်အိပ်လိုက်ပါ့မယ် ဘွားလေးလည်း သားကြောင့် အိပ်ရေးပျက်သွားပြီဘွားလေးလည်း အိပ်တော့နော် သားလည်းအိပ်ပြီနော် ဘွားလေးဘွားလေး အိပ်ယာထဲပြန်ဝင်သွားတော့မှ ကျနော်လည်း ကြမ်းပြင်ကအိပ်ယာပေါ်လှဲချလိုက်ပြီး ခြင်တောင်ကိုပြန်ချရင်း နဖူးပေါ်လက်တင်ရင်း အသိစိတ်ကလွင့်ပျံ့နေရင်း အတိတ်က ပုံရိပ်တစ်ချို့မျက်စိထဲပြန်မြင်ယောင်လာမိပါတော့တယ် သား လင်းခန့်ဗျာ အမေ ဘာပြောမလို့လည်း သားအိပ်တော့မလို့ မနက်အလုပ်ဆင်းရအုံးမှာ အမေရယ်ခဏလေးပါ သားရယ်ကျနော် အိပ်ယာကလူးလဲထလိုက်ပြီးအမေ့ပါးနှစ်ဖက်ကိုဖျစ်ညစ်လိုက်ရင်း ပြော အမေအသက်ပဲ…