မုဆိုးမ တီလေး
“ပြန်တော့မှာလားကွ”“သွားတော့မယ် ကိုကြီးစိုးရာ အိမ်မှာက တီလေးတယောက်ထဲဗျ”“ဗညားရာ မင်းလဲ မိန်းမတောင် ရပါဦးမလားကွာ”“အဲ့ဒါတွေက နောက်မှပါဗျာ အရေးကြီးတာက ကျနော့်ရဲ့ တဦးတည်းသောဆွေမျိုးဖြစ်တဲ့ ကျနော့်အဒေါ်ပါဗျာ”“အေးပါကွာ သိပါတယ် ငါကစတာပါကွာ ကျေးဇူသိတတ်တာ မမှားပါဘူး ဗညားရာ”ပြောပြောဆိုဆိုနှင့် ဗညားအိမ်သို့ ပြန်လာခဲ့လေသည်။ ဗညားရဲ့ နာမည်အပြည့်အစုံက ဗညားမောင်မောင်။ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကို ဗိသုကာဘာသာရပ်ဖြင့် တက်ရောက်နေသော ကျောင်းသားတယောက် ဖြစ်သည်။ သူကတဦးထဲသောသားဖြစ်ကာ သူခြောက်တန်းအရောက်တွင်ကားမတော်တဆမှုဖြင့်…