ကျွန်တော်အတွက်လား သူအတွက်လား
“ပန်းအသစ်တွေများစွာရှိနေပါသော်လည်း ပန်းဟောင်းကိုသာ တမ်းတမ်းတတနဲ့ တပ်မက္လိုချင်မိပါလေတော့ ထိုအရာဟာ ကျွန်တော့်အတွက် ဝဋ်ကြွေးလေဘဲလား”တည်းခိုခန်းကပေးတဲ့ တဘက်ကို ခါးမှာပတ်၍ သူမရေချိုးခန်းထဲမှာ ထွက်လာပါသည်။ သူမရဲ့အလှကို ကုတင်ပေါ်မှာထိုင်ရင်း ကျွန်တော် ခံစားနေမိပါတယ်။ ခံစားနေတယ်ဆိုတာမှာ နှမျောခြင်းများလည်းပါတာပေါ့။ သူမနဲ့ကျွန်တော် တစ်လကိုတခါ လကုန်ရက်တိုင်းမှာ အခုလို တည်းခိုခန်းတစ်ခုခုမှာ တွေ့ဖြစ်ကြတယ်။ သူမက ကျွန်ဝော်တောင်းဆိုတာကိုပေးတယ်။ ကျွန်တော်က သူမတောင်းတဲ့ပိုက်ဆံကိုပေးရတယ်။ တခါတခါတွေးမိတယ် ကျွန်တော်တို့နှစ်ယောက်ကြားမှာ အရင်လိုအချစ်ဆိုတာရော…
