သူတို့အကြောင်း
အေးမောင်ရေ.. လာအုံး…အိမ်ရှေ့မှ ခေါ်နေသော အမေ့အသံကြောင့် အိမ်နောက်ဖေးတွင် နွားစာစင်းနေရာမှ ကမန်းကတန်း လက်ဆေးကာ အိမ်နောက်ပေါက်မှ တက်သွားသည်။အိမ်ရှေ့ ဧည့်ခန်းမှာ အမေနှင့် အတူ ထိုင်နေသော အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး မျက်နှာကို အေးမောင် စေ့စေ့စပ်စပ် ကြည့်မိသည်။ ဘယ်နေရာမှာ မြင်ဖူးလို့ပါလိမ့်။ တစ်နေရာ ရာမှာ ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ။ ဘယ်နေရာမှာမှန်းတော့ မသိ။…
