ကျွန်မဘဝရဲ့ ဒုတိယမင်္ဂလာဦးနေ့လည်ခင်း
ကျွန်မ စိတ်ကသိကအောင့်ဖြင့် အခန်းထဲရောက်နေသည်မွေ့ယာထူထူဖြူဖြူတွေက သဘောကျစရာဖြစ်ပေမဲ့ စိတ်ထဲမတင်မကျ အကိုနဲ့စပြောလာတုန်းက နောက်ပြောင်နေသည်ဟု ထင်ခဲ့မိသည် အခုတော့ အေးဆေးတိတ်ဆိတ်တဲ့ ဘန်ဂလိုထဲ ရောက်နေရပြီ။ခေါင်းက ခပ်ကိုက်ကိုက်။ မငြင်းရက်တာ မငြင်းခြင်တာ မငြင်းရဲတာလည်းပါသည်။အိမ်ထောင်စကျကတည်းက အကိုဟုသာနှုတ်ကျိုးလာခဲ့သောလင်တော်မောင်ကတော့ အရက်သုံးခွက်ငှဲ့ ဆိုဒါစပ်ပြီး တခွက်ကမ်းပေးကာ သူကိုယ်တိုင် စသောက်နေပြီ ကျွန်မလည်း ယောင်တိယောင်တောင် နည်းနည်းစီ မော့သောက်ရင်း ခပ်ထွေထွေ.. တယောက်တခွက်ကုန်တဲ့အထိ သူစိမ်းက ရောက်မလာသေး…..
