ရင်ဘတ် အတွင်းက ကွက်လပ်လေးတစ်ခု (အစ/အဆုံး)
မဇင်…အတူးလေးအိပ်သွားပြီလား…အိပ်သွားပြီတေဇ…မင်းရော မအိပ်သေးဘူးလား…ဧည့်ခန်းထဲရှိထင်းမိုးဖိုလေးရှေ့တွင် မီးဖိုကအလင်းရောင်ရယ် နံရံကပ်မီးအဝါလေးတွေရဲ့ မစို့မပို့ အလင်းရောင်ထဲ မွေးပွကော်ဇော်ပေါ်ထိုင်ကာ ဆိုဖာကိုမီထားသည့် စိုးတေဇ အမေးကိုဖြေလည်းဖြေသလို ဇင်မိုးသူ အနိမ့်သံလေးဖြင့် ပြန်လည် မေးလိုက်လေသည်…စိုးတေဇလည်း အသားဖြူဖြူ မှာ နက်ပြာရောင်ဆွယ်တာလေးနဲ့ လိုက်ဖက်လှတဲ့ ဇင်မိုးသူကို မော့ကြည့်နေရင်း… အကြည့်ပြန်လွဲလိုက်ကာကျွန်တော်စဉ်းစားနေတာ…မဇင်တို့သားအမိဘာလို့ ပြင်ဦးလွင်ကိုလိုက်လာတာလည်းလို့အမကိုတစ်ခွက်လောက်တိုက်ပါလား တေဇမှန်စားပွဲပုပေါ်ရှိ စိုးတေဇသောက်လက်စ ဝိုင်ပုလင်းနှင့် ဖန်ခွက်ကိုကြည့်ပြီးမေးလိုက်ကာ စိုးတေဇမီထားသည့် ဆိုဖာပေါ်တွင် ညှင်သာစွာထိုင်ချလိုက်သည်…ပိန် ပါးသွယ်လျတဲ့ မဇင်ခန္ဓာကိုယ်လေဟာ ဆိုဖာပေါ်ကြွကြွလေးဖြင့် အရုပ်လေးတင်ထားသလို လှပနေသည်… စိုးတေဇလည်း ဇင်မိုးသူကို ခေါင်းငြိမ့်ပြကာ ခါးဆန့်ရင်း ထမင်းစားခန်းက ဝိုင်ဖန်ခွက်…