အမေအိပ်နေတုန်း
လွန်ခဲ့တဲ့နှစ်ပိုင်းက ရှမ်းပြည်တိုက်ပွဲတွေဖြစ်တဲ့အချိန် ကျနော်နဲ့အမေနဲ့ ရွှေလီကိုအဝတ်အထည်ထုပ်တွေ သွားသယ်ကြရတယ် ။ ကားတန်းကြီးပိတ်နေလို့ လမ်းမှာတင် ၂ညအိပ် ၃ရက်လောက်ကို ကြာသွားတယ် ။ တိုက်ပွဲကရှိ ကားတန်းကတိုးနဲ့ ကျနော်နဲ့အမေ ၃ရက်လောက်အိပ်ရေးပျက်တာပေါ့ဗျာ ။ မူဆယ်လဲရောက်ရော နေစရာကမရှိ အကုန်လုံးပိတ်နဲ့ အသိတစ်ယောက်အိမ်မှာပဲ သွားနေလိုက်ရတယ် ။ သူများအိမ်ဆိုတော့ အခန်းပိုက တစ်ခန်းထဲ သားအမိနှစ်ယောက် နေ့လည်ရောက်ရောက်ချင်းကို တန်းအိပ်ပစ်တော့တာပဲ ။…