ချစ်ခြင်း၏ပန်းတိုင်ဆီသို့ နှလုံးသားတစ်စုံ
ချစ်ခြင်း၏ပန်းတိုင်ဆီသို့ နှလုံးသားတစ်စုံရေးသားသူ – Amara🏵️အခန်း (၁)🏵️“နင်ကြိုက်သလို လုပ်ပါကွာ… ငါ့ကို အသုံးပြုလို့… မိုက်မဲစွာ မီးတောက်ထဲ… ခုန်ဆင်းစွာ စတေးလိုက်တော့မယ်”ငြိမ်သက်နေသော iphone လေးထံမှ စည်သူလွင်ရဲ့ အပြင်းစားသီချင်းသံ ပေါ်ထွက်လာလျှင် အကြင်နာက display ပေါ် ငုံ့ကြည့်လိုက်ကာ နှုတ်ခမ်းတစ်ချက် စုတ်သပ်လိုက်မိပြီးနောက် ဘေးမှာ စာဖတ်နေသော ဂင်္ဂါကို လက်လှန်းတို့လိုက်သည်။ ဂင်္ဂါက ဘာလဲဟူသော အကြည့်မျိုးဖြင့် မေးဆတ်ပြလျှင်“ဒီဇယားကို ရှင်းပေးစမ်းပါဦးဟာ …. နင်ဖြတ်မှ ပြတ်မှာမို့ပါ”“အခုမှ လာပြီး ရှင်းပေးပါ လုပ်မနေနဲ့… ကိုယ့်ဟာကိုယ်ပြော… ဒီဇယားစတုန်းက…