Sex is Art
Sex is Artရေးသားသူ – Nwe Hnin Myue (နွယ်နှင်းမြူ)(အတွေးပင်လယ်ပြာတွင် ရေးသားသည်)တငြိမ့်ငြိမ့် ပြေးနေသည့် ကားပေါ်မှာ မျက်လုံးမှိတ်ပြီး သီချင်းနားထောင်နေပေမယ့် အတွေးတွေကြောင့် နားကြပ်တပ်ထားသော်လည်း သီချင်းသံကို ကြားတစ်ချက် မကြားတစ်ချက်ရယ်။ ဒီရက်ထဲ သီချင်းနားထောင်တိုင်း မမြင်ဖူးသည့် သူ့ကို သတိရတတ်တာကြောင့် အဲ့ဒီသီချင်းလေးကိုပဲ ထပ်ခါထပ်ခါ နားထောင်ခဲ့သည်။ အခုလည်း သီချင်းနားထောင်ရင်း အတွေးတွေနှင့် ရှက်ပြုံးလေး ပြုံးမိတတ်သလို နွယ့်ကိုမြင်ရင် ပထမဆုံး တုန့်ပြန်လာမည့် သူ့ရဲ့ တုန့်ပြန်မှုတွေကို တွေးရင်း ရင်တွေခုန်လာသည်။ သူရော နွယ့်လိုပဲ…