တောင့်တခဲ့ရသည်မှာ
တောင့်တခဲ့ရသည်မှာရေးသားသူ – မန္တလာမောင်မောင်တုတ်“ ကိုကို ကိုကို့သမီး စိတ်ကောက်နေပြီ အခန်းထဲမှာ၊ ညနေစာလည်း မစားဘူးတဲ့”ရေချိုးပြီးစ ရေချိုးခန်းထဲမှ ထွက်လာသော ကိုညိုမှိုင်းကို နန်းဖူးဖူးညွှန့်က ပြောလိုက်သဖြင့် ကိုညိုမှိုင်းက ကမန်းကတန်း စွပ်ကျယ်၊ လုံချည်တို့ကို ဝတ်ကာ မူယာသိမ့် အခန်းဝသို့ သွားလေသည်။ အခန်းတံခါးမှာ အထဲမှ လော့ချထားသဖြင့် တံခါးကို ခေါက်လိုက်သည်။“ သမီးလေး သိမ့် လေးလေး ရောက်ပြီလေ၊ ဆောရီး လေးလေး အစည်းအဝေးက မပြတ်နိုင်လို့ နောက်ကျသွားတာ၊ လာ တစ်ခုခု စားလိုက်ရအောင် မနက်ဖြန်မှ…