စိန်စီနန်း က ချစ်ဇာတ်လမ်း – စ/ဆုံး
“ဦးဇေယျာလင်း ရပါပီခင်ဗျာ တသိန်းငါးသောင်း ရေကြည့်ပါဦးဗျ သုံးလပြည့်ရင် ရွေးပါ မရွေးဖြစ်လဲ အတိုးသတ်ပေးပါခင်ဗျာ”“ကျေးဇူးပါပဲညီလေး”လူကြီး ပိုက်ဆံယူပီးထွက်သွားလေသည်။ “ဟေ့ယောင် ဒီဒေါ်တင်တင်ဦးက ဘာလဲ ရွေးတာလား”“ဟုတ်တယ်အကိုလေးရွေးတာပါ”“အန်တီ ခနလေးစောင့်ပေးပါခင်ဗျ”စည်သူစိုး အထဲဝင်ခဲ့လေသည်။“မေမေရေ ဒါလေးရွေးမလို့တဲ့”“သားကလည်း ဒီမှာ ဟင်းချက်နေတာကို သားဖာသားကြည့်လေကွယ်”“ဟင်း ကြည့်ရတာ မျက်စိလည်ပါတယ်ဆိုမှ”“လူဆိုးလေး မေမေနဲ့ ဖေဖေမရှိရင် မင်းဘယ်လိုလုပ်မလဲ”“အဲ့ချိန်ကျ သူဖာသူဖြစ်ပါလိမ့်မယ်မေမေရာ”စည်သူစိုးက ဒီတိုင်းပင် စိတ်မပါ၍ မလုပ်ချင်ပါဘူးဆိုက ဓားထောက်လုပ်ခိုင်းတောင် အသေသာခံမည်…
