သူ့တန်ခိုးနဲ့နှစ်ဆတိုးလို့ချစ်ပါ့မယ်
သူ့တန်ခိုးနဲ့နှစ်ဆတိုးလို့ချစ်ပါ့မယ်-1 ဘူးခါးသီးရေးသည်။ (ရေးထားတာတော့ကြာနေပါပြီဗျ ခုမှပဲဇာတ်လမ်းအဆုံးသတ်ကို ရေးဖြစ်လို့တင်ပေးလိုက်ပါတယ်) ကျနော်ကသာမန်ဆို တည်ငြိမ်အေးဆေးပေမယ့် အရက်တစ်ခွက် လောက်ဝင်ပြီဆိုတာနဲ့စိတ်ကပြောင်းသွားတော့တာပဲ။ပါးစပ်က ပြောတာပြောဆိုချင်တာဆိုလုပ်ချင်ရာလျှောက်လုပ်တတ်တယ်။ အမူးပြေရင် ဘာမှမမှတ်မိတော့ဘူး။တကယ်တော့ကျနော်က အရက်သမားမဟုတ်ဘူးဗျ။အားရင် ဟိုစက်ဒီစက်ပြင်မယ် ကလိမယ် စာဖတ်မယ် ဒီလိုနေတဲ့ကောင်။အရက်သောက်လိုက်ရင်တော့ ပေါက်ကရအကုန်လျှောက်လုပ်တော့တာပဲ။အရက်ကြောင့်ကျနော့် မသိစိတ်ကနိုးထပြီးကျနော့်ကိုအရာရာစေခိုင်းတော့တာပဲ။ပြီးရင် ဘာမှမသိ မမှတ်မိဘူးဖြစ်နေရော။အာ့ကြောင့်ကျနော် အရက်ကို ရှောင်တယ်။အမေကတော့မပြောဘူး။ယောကျ်ားဆိုတာအရက်တော့ သောက်တတ်ရတယ်လို့ပြောတယ်။သားလျှောက်မယ့်လမ်းမပျက်စီး ရင်ပြီးရောတဲ့။အရက်မသောက်မိအောင်ရှောင်တယ်။စာဖတ်တယ်။ စာဖတ်လွန်းလို့မျက်မှန်လည်းတပ်နေရပြီ။အမေကစာဖတ်တာကို လျော့ခိုင်းပြီးကိုယ်ခန္ဓာကြံခိုင်မှုလည်းကောင်းအောင်ဆိုပြီး gymဆော့ခိုင်းတယ်။သူကတော့ဆော့နေတာ၁နှစ်လောက်ရှိပြီ။သူ့သူငယ်ချင်းတွေအဖော်ဆွယ်တာနဲ့ဆော့ဖြစ်သွားတာ။ ခု ကျနော့်ကိုပါ…
