သပွတ်အူ
သပွတ်အူ ” သွားမယ်နော်..စိတ်ချသွားမယ် ဟလား.. အမေတို့ကသိပ်ကြာမှာတော့မဟုတ်ပါဘူး.. မသွားရင်မဖြစ်လို့သာ..ဟော..ကားလာကြိုနေပြီ သွားမယ်နော်..” အမေကစိတ်မချ တော့တစ်မနက်လုံးတဖွဖွမှာနေသလိုသွားခါနီးအထိလည်းမှာလို့မဆုံးတဲ့ ကြားထဲမှအဖေကသူ့သမီးကိုပါနောက်ဆံတင်း နေတော့.. ” သမီးကလဲမဆိုးနဲ့နော်..လေးငါးရက်ပဲကြာ မှာ..မမကိုလဲကူပေးဦး..” ” စိတ်ချ ပါအဖေရာ.ဒီလောက်တောင်.စိတ် မချရင်လဲမြန်မြန်သာပြန်ခဲ့..ဒါမှမဟုတ်ရင်လဲမ သွားနဲ့တော့.သွားတောင်မသွားရသေးဘူး.အဲလိုပြောတော့ စိတ်ဆိုးဦးမယ်..ကလေးမဟုတ် တော့ပါဘူးလို့ ဆိုမှ ” မေသူကစိတ်မရှည်သလိုနှုတ်ခမ်းလေးစူပြီး ပြန်ပြောတော့အဖေကပါးကလေးဆွဲလိမ်ချေ ာ့ ပြီးခြင်းတောင်းတွေနဲ့ကားဆီထွက်သွားတယ်။ အမေကလည်းအဝတ်အစားအိတ်လေးဆွဲရင်း ကျေ ာ်မင်းလက်မောင်းကိုဆွဲပြီးနောက်ကလိုက်…
