ငယ်စဉ်တုန်းက
ကောင်မလေးတစ်ယောက် ဖြူဖြူစင်စင်နဲ့ဖြတ်သန်းနေကျနေ့ရက်တွေကို ရောင်စုံဆေးတွေဖိတ်ကျလာလေသောအခါ နေ့စဉ်နေ့တိုင်း ဆယ့်တစ်နှစ်အရွယ်သာရှိသေးသော “ချောချောငယ်” ဆိုတဲ့ ကိုယ်ဟာ ရပ်ကွက်ထဲမှာတော့ ကလေးတွေနဲ့ဆော့လိုက်…မိဘကူလိုက်နဲ့ ဖြတ်သန်းနေကျဆိုတော့ ငယ်ငယ်တုန်းကသင်ရတဲ့ကဗျာစာလေးလိုပေါ့.. လမ်းထဲကလူတွေအကုန်လုံးဟာ အိမ်နီးနားချင်းတွေဆိုတာထပ်ပိုပီး မိတ်ဆွေအပေါင်းသင်းတွေလို ညီအစ်ကိုနောင်နှမတွေလိုမျိုးပါပဲ..လမ်းထဲအလှူရှိရင် အနည်းဆုံးတစ်အိမ် တစ်ယောက်လောက် ထွက်ကာကူလုပ်လိုက်ကြ …တစ်ယောက်အိမ် တစ်ယောက်ကူးကာကစားလိုက်ကြနဲ့မျိုးစုံပါပဲလေ.. ချောငယ်ဆိုတဲ့ ကိုယ်ဟာလဲ အဆော့ကလဲမက်..အဖော်ကလဲမင်တဲ့အပြင် လမ်းထဲကရွယ်တူတွေလဲရှိသလို မတိမ်းမယိမ်း ညီမအရွယ်မောင်အရွယ် အစ်ကိုအရွယ် လူပေါင်းစုံအပြည့်နဲ့ဆိုတော့ အဖော်မင်ပီးအဆော့သန်တာကတော့…
