ဘယ်လိုပြောကြမလဲ (အပိုင်း ၁)
ဘယ်လိုပြောကြမလဲရေးသားသူ – တပ်ကြပ်ကြီး🏵️အပိုင်း (၁)🏵️…ဟေ့မိနိုင်…..…အိဖြူပြော ..ငါ့သားလေး အဆင်ပြေလား……အင်း အဲဒီကိစ္စကိုပဲ ပြောချင်လို့….…ဘာပြောမှာလဲ…ကွ….…ဖုန်းထဲမှာ ပြောလို့ကောင်းပါ့မလားတောင် မသိပါဘူးကွာ..…နင်ကလည်းဟာ နင်နဲ့ငါက မိုင် ၃၀၀ ကျော်ဝေးတာ။ ငါနင့်ဆီလာမယ်ဆိုရင်တောင် ဒီမှာငါက ခရီးသွားဖို့ ပြင်ဆင်ရဦးမှာ..။ နင့်ကိစ္စက စောင့်နိုင်သလား……မပြောတတ်ဘူး၊ အရေးကတော့ တော့်တော့်ကိုကြီးနေပြီလို့ ထင်တာပဲ……ပြောကွာကောင်မ ငါမစောင့်နိုင်တော့ဘူး၊ နင်မပြောရင် ငါအိပ်လို့ပျော်တော့မှာမဟုတ်ဘူး……အေး အဲဒါဆိုရင်လည်း ငါပြောမယ်..။ နင့်အနားမှာ ဘယ်သူရှိလဲ……ဘယ်သူမှမရှိဘူး…