ထွက်မပြေးနဲ့ ရှက်သွေးလေးရယ်
ထွက်မပြေးနဲ့ ရှက်သွေးလေးရယ်ရေးသားသူ – အမည်မသိအန်ကယ်ထွန်း ဒီတခေါက်လာတော့ အသားဖြူဖြူနဲ့ ကောင်လေးတစ်ယောက် သူနှင့်အတူ ပါလာသည်။ အန်ကယ်ထွန်း၏ အမည်အပြည့်အစုံက ဦးထွန်းခင်ကျော် ဖြစ်သည်။ နီလာ၏ဖခင်ဖြစ်သူ ဦးမောင်မောင်ဦး၏ ငယ်သူငယ်ချင်းဖြစ်သည်။ အန်ကယ်ထွန်းက မော်လမြိုင်တွင် အလုပ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး နီလာတို့ရှိရာ ရန်ကုန်သို့ နှစ်လသုံးလလျှင် တစ်ခေါက် လာရောက်တတ်သည်။ သူလာလျှင်လည်း နီလာတို့အိမ်တွင် အမြဲတည်းခိုလေ့ရှိသည်။အန်ကယ်ထွန်း အိမ်ထောင်မကျမှီက နီလာတို့အိမ်တွင် အတူနေထိုင်ခဲ့ဖူးသည်။…
