လွမ်းနေမယ် နန်းလေးရယ်
လွမ်းနေမယ် နန်းလေးရယ်ရေးသားသူ – Crazzy4(ဒီဇာတ်လမ်းလေးက တကယ့် ဖြစ်ရပ်မှန်လေးပါ)အခန်း (၁)၂၀၀၈ ခုနှစ်၊ ဧပြီလ (၃) ရက်။ မကြာခင် သင်္ကြန်ကျတော့မည်။ သင်္ကြန်ရယ်၊ ဥသြရယ်၊ ရွက်ကြွေလေးတွေရယ်၊ ရှင်းပြီးလှပနေတဲ့ ကောင်းကင်ပြာလေးရယ်… ဒါတွေဟာ နွေဦးပန်းချီကားတစ်ချပ်ထဲက နွေသရုပ်စုတ်ချက်တွေပါပဲ ချစ်သူရယ်..။ဟိုးဝေးဝေး ဗာင်္ဒပင်က သစ်ရွက်လေးတွေ တစ်ရွက်ချင်း မြေသို့ ဝဲပျံကျနေတာ၊ ခပ်လှမ်းလှမ်း ပိတောက်ပင်ပေါ်က ဥသြငှက်…
