မြေစာပင်
လေးပင်နေသောစိတ်နှင့်အတူ နောင်နောင်တစ်ယောက် ခုံတန်းလေးမှာ ထိုင်နေသည်။ မန္တလေးသို့ ပြန်ရမည့်အချိန်က စောနေသေးသည်။ ကားထွက်ချိန်က မတိုင်သေး။ တစ်နာရီခန့် လိုနေသေးသည်။ တောင်စဉ်ရေမရ တွေးနေသောအတွေးများထဲတွင် စောနန်းငယ် အကြောင်းက ထိပ်ဆုံးက ပါသည်။ သူမှားများ မှားသွားပြီလားလို့ စဉ်းစားနေသည်။ တကယ်တော့ စောနန်းငယ်က မြေစာပင် ဖြစ်ရခြင်းသာ။ စောနန်းငယ်ကို သနားမိသော်လည်း စောနန်းငယ်၏ အစ်ကိုဖြစ်သူ တိုးဝေအောင် အကြောင်းကို…
