ကွက်လပ်ဖြည့်ပါ
ကွက်လပ်ဖြည့်ပါရေးသားသူ – ဂျူနီယာဝင်းထိန်တင်ယုနွယ် စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ လူနေထူထပ်သော ရန်ကုန်မြို့ကြီးမှာ လူတန်းစားအမျိုးမျိုးရှိသည့်အနက် အလုပ်သမားလူတန်းစား များပြားခြင်းကြောင့် ညနေစောင်း အလုပ်ဆင်းချိန်များ၌ ကားဂိတ်တွေမှာ လူတွေပုံလို့နေ၏။ ထိုအချိန်မှစ၍ ကားတွေ လူကြပ်သွားသည်မှာ ညရှစ်နာရီခွဲလောက်အထိ ကားပေါ်တိုးတက်၍ပင် မရနိုင်။…
