မချောလေးဖော်
သဲစုတို့အဆောင်က ဝန်ထမ်းတွေချည့် ဖြစ်သည်။ ဌာနပေါင်းစုံကဖြစ်ပြီး ပညာရေးဝန်ထမ်းဆိုလို့ သဲစုတစ်ယောက်ထဲပါသည်။ လူပေါင်း၄၀ကျော်မှာ သူ့အုပ်စုနှင့်သူဖြစ်သည်။ သဲစုက ရွယ်တူအကောက်ခွန်က ဒုအကောက်ခွန်မှူး စိမ့်ရယ် စီမံကိန်းက ဖြူရယ် ဘဏ္ဍာအခွန်က သူသူရယ် လေးယောက်က တစ်တွဲဖြစ်သည်။ အနေကြာတော့လည်း ညီအစ်မအရင်းတွေလို ဖြစ်နေသည်။ ဒီနေ့က ရုံးပိတ်ရက်မို့ သဲစုနဲ့ စိမ့်အခန်းမှာ လေးယောက်စုမိပြီး ရောက်တတ်ရာရာတွေ ပြောရင်း စိမ့်ကသူ့ဘဲနဲ့ ချိမ်းတွေ့တဲ့အကြောင်းကို…
