သုံးပွင့် တခိုင် အပိုင်း ၁။
သုံးပွင့် တခိုင် မြသာ လက်တဲ့စမ်းသည်။ ============================ စိမ့်မှောင်ညို့မှိုင်းနေသော မိုးနဂါးတောင်တန်းကြီး၏ တောင်ထွတ်တခုပေါ်ရှိ မြေကွက်လပ်တွင် အသက်၁၈နှစ်အရွယ်ရှိ လူငယ်လေးတဦး ချွေးတလုံးလုံးဖြင့် ဓားရေးလေ့ကျင့် လျက်ရှိလေသည်။ လူငယ်မှာ အသားဖြူ ဖြူ တည်ကြည်ဖြောင့်မတ်၍ ယာဉ်ကျေးသိမ်မွေ့ပီး ယောက်ျားပီသသော ရုပ်ရည်ရှိပီး တဖက်သား အပေါ်လွမ်းမိုးနိုင်သော ဥပတိရုပ်မျိုး ပိုင်ဆိုင်လေသည်။ ခန္ဓာကိုယ် အချိုးစား တောင့်တင်းကျစ်လစ်၍ လူငယ်၏ လှုပ်ရှားမှုများက…
